Main menu

မော်လမြိုင်မြို့၊ အမှတ် (၅)၊ အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

       ၁၆.၁၁.၂၀၂၂ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ အမှတ် (၅)၊ အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမြင့်ခိုင် က အဖွင့်အမှာစကားပြောကြား ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဒေါ်သဇင်ဖြိုးမြတ်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ အစားအသောက်များဝယ်ယူစားသောက်ရာတွင် ဘေးဥပဒ်အန္တရာယ်ကင်းသော အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသောက်သင့်သည့် အကြောင်းအရာများ၊ ဓာတုဆိုးဆေးများ၏ အန္တရာယ်များအကြောင်း၊ စားသုံးသူထိခိုက်နစ်နာ ဆုံးရှုံးမှုများကို တိုင်ကြားနိုင်သည့်အကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၅၈) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)