Main menu

ပေါင်မြို့နယ်တာဝန်ခံမှ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

        ၁၄.၁၁.၂၀၂၂ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံထံသို့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာရှိ စားသောက်ကုန်၊ အလှကုန်နှင့် ကုန်မျိုးစုံ ရောင်းချဖြန့်ဖြူးနေသော လုပ်ငန်းရှင်မှ ကုန်စည်နှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များအား သိရှိလိုပါကြောင်း လာရောင်းတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပေါင်မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ၂/၂၀၁၉ ပါ ကုန်စည်အုပ်စုအလိုက် မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်များနှင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်နှင့်ကိုက်ညီသည့် ကုန်စည်များ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက် ပါရှိသည့် ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးသင့်ကြောင်း စသည့် အချက်များအား ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ပါ လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)