Main menu

ဘိုကလေးမြို့နယ် “ဘုရားချောင်းကျေးရွာ”၊ “ကွင်းကြီး”ကျေးရွာရှိ အိမ်ထောင်စုများအား ဆီဝယ်ယူ ခွင့် လျှောက်လွှာ ပေးအပ်မှု အခြေအနေ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ကျီစု၊ကျုံဖား ကျေးရွာရှိ မြို့နယ်တာဝန်ခံ ရုံး၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် “ဘုရားချောင်းကျေးရွာ”၊ “ကွင်းကြီး”ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ကော်မတီ အဖွဲ့ဝင်များ လက်ဝယ်သို့ စားအုန်းဆီဝယ်ယူခွင့် လျှောက်လွှာပေးအပ်မှုနှင့် ပက်သက်၍ စားသုံးသူ ပြည်သူများ လည်း သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ပြန်လည် ဖြန့်ဖြူး ရောင်းချခြင်း အတွက် ဌာနမှ သတ်မှတ်ထားသော စည်းမျဉ်း၊စည်းကမ်းများနှင့် ရောင်းချမှုရှိစေရေး၊ ဆီရောင်းချ နေမှုများအား မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ပြန်လည်ပေးပို့ သွားရန် ပြောကြားခဲ့ပြီး ကော်မတီ အဖွဲ့ဝင်များ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)