ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ဒု-ခရိုင် ဦးစီးမှူး ဦးမိုးမင်းသန်းနှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် ပြည်သူ့ကျန်းမာ၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၄.၁၁.၂၀၂၂)ရက်နေ့ နံနက်(၁၀;၃၀) နာရီကမြောင်းမြမြို့ပေါ်ရှိ ဆေးဆိုင်များတွင် တရားမဝင်တင်သွင်းရောင်းချနေသော ကလေးချောင်းဆိုးပျောက်ဆေး နှင့် ကလေးအဟာရဖြည့်စွက်စာများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ အိမ်သုံးဆေးအရောင်းဆိုင်(၆)ဆိုင်မှဆိုင် ရှင်များအား စားသုံးသူပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆေး ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန် ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ် လပ်မှုမဖြစ်ပေါ်စေရေးအဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း တရားမဝင်တင်သွင်းလာသော ကလေးချောင်းဆိုးပျောက်ဆေးနှင့် ကလေးအဟာရဖြည့်စွက်စာများ ရောင်းချခြင်းမပြုကြရန် သက် တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းမပြုရန် ဈေးကွက်အတွင်းစစ်ဆေး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ ဥပဒေများလိုက်နာဆောင်ရွက်ကြရန် အသိ ပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)