
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မင်းဘူးခရိုင်တာဝန်ခံရုံး၌ ဒေါ်ဌေးဌေးဝင်း (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၈.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန် တွင် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သမီးလေး Online Shop အလှကုန်လုပ်ငန်းရှင်အား OnlineSale မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များ သိရှိလိုက်နာရမည့် အချက်အလက်များနှင့် တာဝန် များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဆွေးနွေးရာတွင် သမီးလေး Online Shop အလှကုန် လုပ်ငန်းရှင်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ်(၅၀/၂၀၂၃)ဖြင့် မည်သူမဆို Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို ကုန်သွယ်ရေးဦးစီးဌာန၌ Onlineမှတ်ပုံတင်ခြင်းဆောင်ရွက်ရန်နှင့် Onlineမှတ်ပုံတင်လျှောက်ထားရာတွင် လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များနှင့် ပူးတွဲတင်ပြ ရမည့် အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူမှ လိုက်နာရမည့် တာဝန်များ၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ Online ဖြင့် ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅အရ အရေးယူဆောင်ရွက်ခံရမည့် အချက်များအား ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
