
၂၂.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ အကြီးတန်းစာရေး ဦးစိုးညီညီသည် ကျိုက်မရောမြို့နယ် ရှင်စောပုရပ်ကွက် (၃)အတွင်း နေထိုင်သော Online Sales လုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။
ထိုသို့တွေ့ဆုံရာတွင် ကျိုက်မရောမြို့နယ်တာဝန်ခံမှ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် အမိန့်ကြော်ငြာစာများဖြစ်သည့် (၅၀/၂၀၂၃) (၅၁/၂၀၂၃) အားလည်းကောင်း၊ အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားမည့်လုပ်ငန်းရှင်များအနေဖြင့် ကြိုတင် ပြင်ဆင်ရမည့်အချက်များ၊ ပူးတွဲ တင်ပြရမည့် အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူများ လိုက်နာရမည့်စည်းကမ်းချက်များအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
