Main menu

ကျောင်းကုန်းမြို့နယ် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ မြို့နယ်ကျန်းမာရေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် အမှတ်(၂)အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

       အဆိုပါစစ်ဆေးမှုတွင် ဆေးဆိုင်များအနေဖြင့် ဆေးဈေးနှုန်းများကို မြှင့်တင်ရောင်းချခြင်း မရှိစေရန်၊ ဆေးပစ္စည်းများကို မည်သို့ဝယ်ရခြင်း၊ ဆေးပစ္စည်းအမျိုးအမယ်များစွာ ပျက်လပ်မှုရှိပါက မည်သို့မှာယူခြင်း၊ မည်သည့်ပစ္စည်းများပျက်လပ်မှုအများဆုံးဖြစ်ခြင်း၊ ဆေးပစ္စည်းများ၏ ဈေးနှုန်း မည်မျှရှိသည်တို့ကို စစ်တမ်းကောက်ယူ ခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ