
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာကော်မတီ၏ တတိယအကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို (၁၇.၁၂.၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီတွင် မအူပင်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် မအူပင် ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌ မှ အဖွင့်အမှာစကားပြောကြားရာ ပြည်သူများ နေ့စဉ်အသုံးပြုလျက်ရှိသော အစားအသောက်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်း သုံးစွဲမှုဟာ ဘေးအနွတရာယ် ကင်းရှင်းရန် အရေးကြီးကြောင်း၊ စားသုံးသူသည် အဓိက သုံးစွဲသူဖြစ်၍ အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဟောပြောနိုင်ရန်လိုအပ်ကြောင်း၊ မိမိတို့’ အခွင့်အရေးကို သိရှိနိုင်ရန်လိုအပ်ကြောင်း၊ အခွင့်အရေး ကို မှန်ကန်စွာတောင်းဆိုတက်ရန် လိုအပ်ကြောင်း၊ ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသော ထုတ်ကုန် များ ပပျောက်ရန်လိုအပ်ကြောင်း၊ ဦးစားပေး ကုန်စည် ၁၀မျိုးကို လစဉ် မပျက်ကွင်းဆင်းစစ်ဆေး၍ တွေ့ရှိချက် များကို ကော်မတီတွင် တင်ပြဆွေးနွေးရန်လိုအပ်ကြောင်း၊ သို့မှ သာ ပပျောက်နိုင်မည်ဖြစ်၍ စားသုံးသူ အခွင့်အရေးနှင့် အကျိုး စီးပွာကာကွယ်ရေးလုပ်ငန်းသည် အဓိကအလေးထား ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ကိုပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ အသီးသီးဆွေးနွေးကြရန်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အတွင်းရေးမှူး မှ အထက်ဌာနများ၏ ညွှန်ကြားချက်များနှင့် အမှာစာများကိုဆွေးနွေးခဲပြီး အခြား သက်ဆိုင်ရာဌာနအဖွဲ့ဝင်များက ဆက်သွယ်ရေး အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများကို မကြာခဏ စစ်ဆေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းမျာအားလည်း စားသုံးသူများ လိုအက်ဆန္ဒနှင့်အညီ လုံခြုံချောမွေစွာပိုဆောင်နိုင်ရေး၊ သတ်မှတ်ဦးရေထက်ပိုမိုတင်ဆောင်ခြင်း မပြုရန်၊ တန်စာခ ပေး၍ ပိုဆောင်ရသော လုပ်ငန်းများ မှန်ကန်စိတ်ချစွာ ပို့ဆောင်နိုင်ရေး စားသုံးသူအခြေခံလိုအပ်ချက်အပေါ် ကျေနပ်မှု ရှိစွာ ဝန်ဆောင်မှုပေးနိုင်ရေး ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် ရှင်းလင်းပြီး မိတ်ဖက်ဌာနများကပါ ပူးပေါင်းပါဝင် စစ်ဆေးစေလိုကြောင်းကို ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော အဖွဲ့ဝင်အသီးသီးတို့မှ သိလိုသည်များတင်ပြ မေးမြန်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြပြီး အခြေခံလူတန်းစားမှ ၊ အလွှာအသီးသီး လူတန်းစားမခွဲခြားပဲ စားသုံးသူ တန်းတူ အခွင့်အရေး ရရှိရေး အခြေခံအဆင့်ဆင့် ဆွေးနွေးတင်ပြနိုင်ရန်လိုအပ်ကြောင်း အထက်ဌာန၏ အမိန်၊ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ရန်ကို အသိပေးမှာကြား ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို (၁၅:၄၅)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရပါသည်၊၊
DOCA(ဧရာဝတီ)
