Main menu

ပြည်ခရိုင်၊ ‌ရွှေတောင်မြို့တွင်Myro အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး၌ (၁၆.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် မြန်မာဆန်စပါးအွန်လိုင်း (MyRo) သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဦးစီးအရာရှိ)က ဦးဆောင်ဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံမှ  မြန်မာဆန်စပါးအွန်လိုင်း (MyRo)မှတ်ပုံတင်ခြင်းဆိုင်ရာနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ ဆန်တန်ချိန် (၂၅)တန် (သို့မဟုတ်) စပါးတင်း (၂၅၀၀)နှင့်အထက် သိုလှောင်မည့် ဆန်စပါး လုပ်ငန်းရှင်များ မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ရာတွင် လိုအပ်မည့် အချက်အလက်များ၊ မှတ်ပုံတင်ရ ခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ မှတ်ပုံတင်ပြီး သက်တမ်းတိုးဆောင်ရွက်မှု အစီအမံများကိုလည်းကောင်း၊ သိုလှောင်ရုံလုပ်ငန်းရှင်များက လစဉ်၊ လဆန်း (၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း ဆန်၊ စပါးသိုလှောင်ရုံမှ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကို ဖြည့်သွင်း ဆောင်ရွက်မှု အကြောင်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)