Main menu

နတ်တလင်းခရိုင်၊ဇီးကုန်းမြို့တွင်လယ်ယာထွက်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်စေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းးမြို့နယ်၌  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဇီးကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင် (၅)ဆိုင်အား စိုက်ပျိုးရေးသုံး တားမြစ်ထား သည့် ပိုးသတ်ဆေးများ ရောင်းချမှုမရှိစေရေး အသိပေးကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဆေးဆိုင်များတွင် ဓာတ်ကြွင်းများသည့် အဆိပ်ရှိ ပစ္စည်းများဖြစ်သော (Thiamethoxam  နှင့် Clothianidin ) ပိုးသတ်ဆေး တားမြစ်ဆေးများ မရောင်းချစေရေး နှင့် လယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်းကင်းစေရေး  ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


DOCA(ပဲခူး)