Main menu

ကြို့ပင်ကောက်မြို့ ဒူးရင်းကရေကရာ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၁၆.၁၁.၂၀၂၂ ရက်နေ့ ၊ နံနက် ( ၈ : ၃၀) နာရီအချိန်၌ ကြို့ပင်ကောက်မြို့နယ်တွင် ဒူးရင်းကရေကရာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက် ရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။

          ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအနေဖြင့် ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ကုန်ကြမ်းရရှိမှုအခြေအနေ ၊ လုပ်သားအင်အားရရှိမှုအခြေအနေ ၊ လုပ်သား အင်အား ပေးချေရမှုအခြေအနေ ၊ ထုတ်လုပ်မှုကုန်ကျစရိတ် ၊ အသားတင်အကျိုးအမြတ်ရရှိမှု အခြေအနေများ ၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန်အတွက် ဈေးနှုန်းဈေးကွက် အခြေအနေများအား မေးမြန်းခဲ့ပြီး လုပ်ငန်းရှင် သိရှိလိုသည့် အချက်များကို ပြန်လည်ဖြေကြားခဲ့ကြောင်းသိရှိရပါသည်။

          ထို့နောက် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး စားသုးသူပြည်သူများအတွက် သန့်ရှင်းလတ်ဆတ်၍ အန္တရာယ်ကင်းသော စားသောက်ကုန်ဖြစ်စေရေး အထူးအလေးပေး ဆောင်ရွက်ရန် အသိပညာပေး ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)