Main menu

မင်းလှမြို့နယ် စာသင်ကျောင်းများတွင် အသိပညာပေးဟောပြော

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ် တာဝန်ခံသည် မိတ်ဖက်ဌာနများဖြစ်သည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပူးပေါင်းကာ ၂၁.၁၁.၂၀၂၂ ရက်နေ့ ၊ နံနက် ၉ : ၃၅ နာရီအချိန်တွင် ညောင်သုံးပင် ကျေးရွာအုပ်စု ၊ သပြေစမ်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းသွားရောက်ပြီး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည် ။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်မှ စာဖတ်စေခြင်း ရည်ရွယ်ချက်များ ၊ စာဖတ်ခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို ပြောကြားပြီး ကျောင်းသား /ကျောင်းသူများအား သုတ ၊ ရသ ၊ ရုပ်ပြ ၊ မဂ္ဂဇင်း ၊များ ဖတ်ရှုစေခြင်း ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဥပဒေပါ အကြောင်းအရာများ ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသည့် အခန်းကဏ္ဍများ ၊ ကျောင်းသား / ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက် ၊ အသုံးအဆောင်များ ဝယ်ယူသုံးစွဲ ရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါရှိ/မရှိကို သေချာစွာ စိစစ်တတ်စေရန် အသိပညာပေး ဖြန့်ဝေခဲ့ပြီး အသိပညာပေးဆွေးနွေးပွဲသို့ လက်ထောက်မြို့နယ် ပညာရေးမှူးနှင့် ဆရာ /ဆရာမ (၇)ဦး ၊ ကျောင်းသား / ကျောင်းသူ ၁၁၆ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)