Main menu

ရွှေတောင်မြို့ရှိ စာသင်ကျောင်းများတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တာဝန်ခံသည် (၂၁.၁၁.၂၀၂၂)ရက်နေ့ နံနက် (၉:၀၀)နာရီ မှ (၁၁:၀၀) အချိန်ထိ ကြာနီကန် အ.ထ.က ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲများ ကျင်းပ ဆောင်ရွက်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပါဝင်ခဲ့ပါသည်။

        အဆိုပါ စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦမှ ဟောပြောရာတွင် စားသုံးသူနှင့်ပတ်သက်သော ကုန်စည်နှင့်ဝန်ဆောင်မှု အကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားများအကြောင်းကို ရှင်းလင်း ပြောကြားသလို ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား လူငယ်နှင့်ရည်မှန်းချက်၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေးနှင့် ကလေးအလုပ်သမားများ ပပျောက်ရေး အသိပညာများအကြောင်း ဟောပြောခဲ့ပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်သပြေက အားကစားနှင့် ကာယပညာသိပ္ပံကျောင်းသို့ တက်ရောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့် ကိုယ်လက်လှုပ်ရှားအားကစားခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူများကို ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခန်းများ လက်တွေ့လုပ်ဆောင် ပေးခဲ့  ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)