
စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဦးဆောင်၍ မိတ်ဖက်ဌာနများ ဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများနှင့်ကျောက်ပန်းတောင်းမြို့၊ဈေးကွက်သစ်ရပ်ကွက်ရှိကောင်မြတ်ဆန်ပွဲရုံသို့ ၁၇.၁၂.၂၀၂၅ ရက်နေ့၊ နေ့လည် ၁၄:၀၀ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ကောင်မြတ်ဆန်ပွဲရုံ ဆန်လက်လီ၊လက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်းသစ်(၂၄)ပြည်တစ်အိတ်လျှင်(၁၇၅၀၀၀)ကျပ်၊ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ် လျှင်(၁၅၅၀၀၀) ကျပ်၊ ဆင်းသုခ (၂၄)ပြည်တစ်အိတ် လျှင်(၆၀၀၀၀)ကျပ်နှင့် ဖန်သီးသုခ(၂၄)ပြည် တစ်အိတ်လျှင်(၇၈၀၀၀)ကျပ်များဖြင့် သင့်တင့်မျှတသော ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆန်ဆိုင်ပိုင်ရှင် ဒေါ်အိအိတုံအားဈေးကွက်အတွင်း ဆန်များပြတ်လပ်မှု မရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ကြစေရေးတို့အား ဆွေးနွေးပြောကြားခဲ့ပါသည်။
DOCA(မန္တလေး)
