Main menu

ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် ကိုဗစ် - ၁၉ ရန်ပုံငွေမှ ချေး‌ငွေရယူထားသူလုပ်ငန်းရှင်များ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

Powered by Drupal

      ၁၅.၁၁.၂၀၂၂ ရက်နေ့ ၊ နံနက် (၁၀ : ၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွား‌ရေးရာဝန်ကြီးနှင့် ကိုဗစ် -၁၉ ရန်ပုံငွေမှ ချေး‌ငွေရယူထားသူ လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးကို ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီး ၊ တိုင်းဒေသကြီး ကိုဗစ်ချေးငွေ စိစစ်ကြပ်မတ်ရေးအဖွဲ့  ဥက္ကဌနှင့် အဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသော လုပ်ငန်းရှင် (၄၀)ကျော် တက်‌‌ရောက်ကြောင်း သိရှိရ ပါသည်။

        အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်မှ ကိုဗစ်-၁၉ ကပ်‌ရောဂါကြောင့် စီးပွားရေး ထိခိုက်မှု အများဆုံးဖြစ်သော လုပ်ငန်းများအား ဦးစားပေးကဏ္ဍအလိုက် ချေး‌ငွေ ထုတ်ချေးပေးခဲ့မှု အခြေ အနေများ ၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ငွေကြေးလည်ပတ်မှုများ အဆင်ပြေချောမွေ့ စေရန်အတွက် ချေး‌ငွေပြန်ဆပ် ရမည့်ကာလကို တိုးမြင့်ပေးခဲ့သည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ချေး‌ငွေစိစစ်ကြပ်မတ်ရေး ဥက္ကဌမှ ကိုဗစ်-၁၉ ချေးငွေများအား ပြန်လည်ပေးဆပ်ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)