Main menu

မွန်ပြည်နယ် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME ) ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (၁/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

          မွန်ပြည်နယ် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၈.၁၁.၂၀၂၂ ရက်နေ့ ၁၀၀၀ နာရီတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးအပါအဝင် MSME Agency အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ပါသည်။

          အဆိုပါ အစည်းအဝေးတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ MSME လုပ်ငန်းများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ COVID-19 ကပ်ရောဂါနောက်ပိုင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်နလံထူဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ မွန်ပြည်နယ်အစိုးရတို့မှ လိုအပ်သော ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးသွား မည့်အပြင် အခြေခံလိုအပ်ချက်များကိုပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများကို အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ One Village One Product-OVOP ဖြစ်အောင် ဖော်ထုတ်ဆောင်ရွက်ပေးဖို့လိုကြောင်း၊ ထို့ပြင်မွန်ပြည်နယ်ရှိ အဓိကထွက်ကုန်ပစ္စည်းများ၊ ယခင်ကနာမည်ရှိပြီးသား ထုတ်ကုန်များကို ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး ဆောင်ရွက်ပေးရန်၊ ထုတ်ပိုးမှုပုံစံ/စနစ် ကောင်းကောင်းဖြင့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များအားတွင် မြို့နယ်အလိုက် အဓိက ထွက်ကုန်များရှိကြောင်း၊ လိုအပ်သည့်အပိုင်းတွင် သက်ဆိုင်ရာဌာနများက ပံ့ပိုးကူညီဆောင်ရွက် ပေးကြရန်လိုကြောင်း၊ လယ်ယာ၊ သားငါးစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်နယ် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ အဖွဲ့ဝင်များက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပါသည်။

          ထို့နောက် တက်ရောက်လာသူများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ၁၃၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)