
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME စျေးရောင်းပွဲတော်နှင့် ဂီတဖျော် ဖြေsပွဲတော်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ (သောကြာနေ့) နံနက် ၀၈း၀၀ နာရီအချိန် တွင် ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် စတင်ဖွင့်လှစ်ကျင်းပခဲ့ပြီး ဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တကွ တိုင်းဒေသကြီးဝန်ကြီး များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသင်းအဖွဲ့မှတာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲ အခမ်း အနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က နိုင်ငံတော် အကြီး အကဲလမ်းညွှန်ချက်အရ MSME လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန် တာဝန်ရှိ သူများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တွင် လည်း ရည်မှန်းချက်ပြည့်မှီစေရေး အတွက် စနစ်တကျလုပ်ဆောင်လျှက်ရှိကြောင်း၊ လုပ်ငန်း ရှင်များ လိုအပ်သည့်နည်းပညာ၊ လူသားအရင်းအမြစ်များ လုံလောက်စွာရရှိရေးအတွက် နည်း ပညာများ အသိပညာပေးရေးနှင့် ပြန့်ပွားရေးတို့ ကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး၊ ငွေကြေး အရင်းအနှီးများ စိစစ်ပံ့ပိုးပေးနိုင်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်း များ၏ ဒီဂျစ်တယ် နည်းပညာအသုံးပြုမှု မြင့်မားလာစေ ရေးအတွက်လည်း ထောက်ပံ့ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် MSME ဈေးရောင်း ပွဲတော်နှင့်ဂီတဖျော်ဖြေပွဲတော်တွင် MSME လုပ်ငန်းရှင်များ အတွက် နိုင်ငံတော်အစိုးရမှ ဆောင် ရွက်ပေးလျက်ရှိသော အခြေအနေများကို သိရှိနိုင်စေရန် Talk Show အစီအစဉ်များ ပါဝင်ပါ ကြောင်းနှင့် ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြင့်မားစေရေးအတွက် စာအုပ်အရောင်းဆိုင် များနှင့် စားသောက်ဆိုင်ခန်းများလည်း ပါဝင်ပြီး ဆိုင်ခန်းပေါင်း (၃၅၀) ကျော် ဖွင့်လှစ်ရောင်းချ သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ နှစ်သစ်ကို ကြိုဆိုပြီး ဂီတဖျော်ဖြေမှုကို ကြည့်ရှုခံစားရင်း ထုတ်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူ အားပေး နိုင်ရေး၊ ထုတ်လုပ်ပြသရောင်းချသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး မိမိထုတ်ကုန် ပစ္စည်းများ ကို ကောင်းသောယှဉ်ပြိုင်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းသုံး ထုတ်ကုန်ပစ္စည်းများမှ ပြည်ပတင်ပို့နိုင် သည့် အမယ်သစ် အရည်အသွေးကောင်း ထုတ်ကုန်ပစ္စည်းများ ဖြစ်ပေါ်စေပြီး MSME လုပ်ငန်း များမှာလည်း ပြည်တွင်း၌ပင် ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်စေရေးတို့ကိုပါ ရည်မျှော်ရှေ့ရှုလျက် စီမံ ဆောင်ရွက်ထားသော ပွဲတော်ကြီးဖြစ်ပါကြောင်း၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် MSME စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရန်အတွက် စီမံဆောင်ရွက်ပေးသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်တကွ ရန်ကုန် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိ သူများ၊ စက်မှုလုပ်ငန်း ရှင်များ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများနှင့်တကွ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြသူများ အား ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။
ထို့နောက် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME စျေးရောင်းပွဲတော် နှင့် ဂီတဖျော်ဖြေပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး စီပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် စက်မှုဇုန်များမှဥက္ကဋ္ဌများက ဖဲကြိုးဖြတ် ၍ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA (ရန်ကုန်)
