
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင် ဦးစီးမှူးရုံးရှိ ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် (၇.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြင်းခြံမြို့ အမှတ်(၁၆) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပညာ သင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကုန်စည်များနှင့်ပတ်သက်၍ လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ဦးတင်ဇော်ထွေးနှင့် ဝန်ထမ်းများသည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များ နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ် အသားများပြည်စုံမှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ၊ အသုံးအဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/မရှိကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး အရောင်းဆိုင် တာဝန်ရှိသူများအား ကျောင်းသား/ကျောင်းသူများသည် နုငယ်သူများဖြစ်၍ အစားအသောက်များနှင့်ပတ်သက်ပြီး ပို၍အလေးထားရမည်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများကဲ့သို့ စိတ်သဘောထား၍ သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာ ဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက် များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချစေရေးနှင့် လိုက်နာမှုမရှိလျှင် အရေးယူဆောင်ရွက် ခြင်းများရှိပါကြောင်း၊ စားသုံးသူရေး ရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံး ရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများကို ပူးပေါင်းအဖွဲ့များဖြင့် စဉ်ဆက် မပြတ်ဈေး ကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်၍ ဈေးရောင်းချသူများသည် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချကြ ရန်ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)
