Main menu

ထားဝယ်မြို့၊ ဇရစ်ရပ်အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည်  တိုင်း‌ဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ ၊ နံနက်(၁၀:၀၀)တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဇရစ်ရပ်အခြေခံပညာမူလတန်းလွန်ကျောင်း အစည်းအဝေးခန်းမ ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်း‌ဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိမှ အစားအသောက်နှင့်ဆေးဝါးဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ပြီးနောက်  ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ‌ဒေါ်အေးအေးလွင်က စားသုံးသူအခွင့်အရေး နှင့် စားသုံးသူ၏တာဝန်များ ၊ ကုန်စည်နှင့်ပတ်သက်သည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center 1535 သို့ခေါ်ဆို၍ စားသုံးသူရေးရာနှင့်ပတ်သက်သည့် သိရှိလိုသည်များအား မေးမြန်းစုံစမ်းနိုင်ကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး စားသုံးသူ အသိပညာပေး လက်ကမ်း‌စာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ‌ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ဦးရေ(၁၀၀) တက်ရောက်ခဲ့ပြီး  အခမ်းအနားကို နံနက်(၁၁:၃၀)တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(တနင်္သာရီ)