Main menu

မကွေးမြို့၊ သိင်္ဂါဂီရိရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကျောင်းမုန့်စျေးတန်းစစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

         မကွေးတိုင်း‌ဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ် တာဝန်ခံ)နှင့်ခရိုင်ရုံးရှိ ဝန်ထမ်းများသည် (၂၂.၁၁.၂၀၂၂)ရက်နေ့ နံနက်(၀၉း၃၀)မှ (၁၀း၄၅)အထိ မကွေးမြို့ သိင်္ဂါဂီရိရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေး ခြင်းနှင့် ကျောင်းမုန့်စျေးသည်များအား စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များ၊ သက်တမ်းလွန် နှင့်မှိုတက်နေသော ကုန်စည်များ ရောင်းချမှုရှိ/ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါ သည်။

          မကွေးခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ)မှ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်(Motto)၊ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက်( Mission)များ စားသုံးသူများရရှိနိုင်မည့် အခွင့် အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန်(၄)ချက်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်များ စားသုံးသူနစ်နာဆုံးရှုံးမှုများ အတွက် တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းနှင့် Internet နှင့် Mobile Application တွင် ဝင်ရောက်တိုင်ကြားပုံ Consumer Call N0-1535  သို့ ခေါ်ယူတိုင်ကြားနိုင်မှုများအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမ(၁၀)ဦး၊ ကျောင်းသား/သူ(၃၅၀)ဦး၊ စုစုပေါင်း (၃၆၀)တက်ရောက်ခဲ့ပြီး ဌာနမှ စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)