Main menu

မြင်းခြံမြို့ရှိ ပဲကြော်နှင့်ကြက်သွန်ကြော်လုပ်ငန်းခွင်သို့ ကွင်းဆင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊  မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံမြို့ရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့်အညီ ထုတ်လုပ်နိုင်စေရေး အတွက်ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာ (၁၂.၁.၂၀၂၆)  ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ဝန်ထမ်းများသည် မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ရှင်းရှင်း အမှတ်တံဆိပ် ပဲကြော်နှင့်ကြက်သွန်ကြော်လုပ်ငန်းခွင်သို့ကွင်းဆင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

           MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှသင့်တင့်မျှတသောနှုန်းထားဖြင့် ရောင်းချပေးနေသော လုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲမှုရှိစေရေး၊ လုပ်ငန်းခွင်များတွင် အမှန်တကယ်လိုအပ်သည့်ပမာဏများသာ လျှောက်ထားမှုရှိစေရေး၊ အရည် အသွေးပြည့်မီသောထုတ်ပေးသည့် ဆီများကိုသာလုပ်ငန်းခွင်များတွင် သုံးစွဲမှုရှိစေရေး၊ ကုန်ကြမ်း ပစ္စည်းများ အရည်အသွေးကောင်းမွန်မှုရှိစေရေး၊ မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများကို သန့်ရှင်း သပ်ရပ်စွာဖြင့် ထုတ်လုပ်၍ကျန်းမာရေးနှင့်ညီညွတ်စေရေး၊ ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်း ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံမှန်ကန်မှုရှိစေရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်စေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ လည်း ဒေသအတွင်းရှိ MSME လုပ်ငန်းခွင်များတွင် ထုတ်လုပ်လျက်ရှိသောကုန်စည်များ ဈေးကွက် မရောက်မီ ကွင်းဆင်းစိစစ်မှုများအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

DOCA(မန္တလေး)