Main menu

မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကျင်းပ

Powered by Drupal

     ၁..၂၀၂၆ ရက်နေ့ နေ့လယ် (၄:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီဥက္ကဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

     ပထမဦးစွာ မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက အဖွင့်အမှာစကား ပြောကြားပြီးနောက် မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော်က စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များအား ရှင်းလင်းဆွေးနွေးခဲ့သည်။

    ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံက ယခု အစည်းအဝေးတွင် ဆုံးဖြတ်ရမည့် အချက်များအား အမှာစာဖြင့်ဖတ်ကြားတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၆:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)