Main menu

ဖျာပုံခရိုင်၊ဘိုကလေးမြို့ရှိ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင်(၇)ရပ်ကွက်နေ ပြည်သူ(၁၅)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ဘိုကလေးမြို့နယ်တာဝန်ခံရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းအရာများထဲမှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေးများ လုပ်ငန်းရှင်များမှမိမိထုတ်လုပ်ဖြန့်ဖြူးသော ကုန်စည်များ၏ တာဝန်ယူမှု၊ အာမခံချက်များအကြောင်း၊ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်၊ ဝန်ဆောင်မှုများကို မည်သို့ရွေးချယ်ဝယ်ယူရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပါဝင်မှု၊ ဖော်ပြထားရှိမှုများနှင့် ပတ်သက်၍ပြောကြားပြီးနောက် တိုင်း/ခရိုင်/မြို့နယ်များတွင် လည်းတိုင်ကြားမှု လက်ခံစင်တာများထားရှိကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံး စွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနှင့်ဖြစ်စေ၊ လူထုမီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တိုင်ကြားနိုင်သလို Callcenter 1535 မှလည်းဆက်သွယ် တိုင်ကြားနိုင်ကြောင်း စားသုံးသူကိစ္စရပ်များနှင့် သိလိုသည်များကိုလည်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)