စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၂၃.၁၁.၂၀၂၂) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်ရှိ စက်မှုလက်မှုလုပ်ငန်းရှင်များကို မြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကိုပြုလုပ်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ် တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏အခွင့်အရေးနှင့်တာဝန်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍အာမခံပေးခြင်း၊ ကုန်စည်(သို့)ဝန်ဆောင်မှု လုံခြုံစိတ်ချရမှု၊ ကုန်စည်(သို့) ဝန်ဆောင်မှုအပေါ်တာဝန်ခံမှု၊ ပြစ်မှု၊ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ကုန်စည်၊ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာမှုရှိလာပါက အရေးဆို တိုင်ကြားနိုင်သည့် Callcenter 1535 သို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စားသုံးသူများသာမက ကုန်စည်နှင့်ဝန်ဆောင်မှုထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသောလုပ်ငန်းရှင်များပါ စားသုံးသူကာကွယ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍သိရှိလိုသည်များကိုမည်သူမဆိုမေးမြန်းနိုင်ပါကြောင်း၊ စားသုံးသူ၏ နစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်ကို တိုင်ကြားလိုပါက လူကိုယ်တိုင်သောလည်းကောင်း၊ လူထုဆက်သွယ် ရေးနည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာဦးစီးမှူးရုံးသို့သက်သေခံ အထောက်အထားနှင့်အတူတိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်လာသော စက်မှုလက်မှုလုပ်ငန်းရှင်များမှသိလိုသည်များ မေးမြန်းမှုအပေါ် မြို့နယ်တာဝန်ခံမှပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲကို နေ့လယ် (၁၀:၄၅)နာရီတွင် အခမ်းအနားပြီးဆုံးကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)