Main menu

Thursday Talk အသိပညာပေး ဆွေးနွေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၄.၁၁.၂၀၂၂ ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် သတင်း၊ဆောင်းပါးရေးသားမှုဆိုင်ရာ စွမ်းဆောင်ရည်တိုးတက်လာစေရန် Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် သတင်း၊ဆောင်းပါးရေးသားမှုဆိုင်ရာခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။ အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင်ပြည်နယ်ဦးစီးမှူးရုံးမှသတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဦးဝင်းသိန်းဦးက သတင်း၊ဆောင်းပါးရေးသားရာတွင် ပါဝင်သင့်သည့်အချက်များ၊ရှောင်ကြဉ်ရမည့်အချက်များ၊သတိပြုရမည့်အချက်များ၊ သတင်းခေါင်းစဉ် ရေးသားရာတွင် ဂရုစိုက်ရမည့်အချက်များ၊ ဌာနခွဲအလိုက်ရေးသားပေးပို့နိုင်သည့် သတင်း၊ဆောင်းပါးအမျိုးအစားများ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများမှ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ပါသည်။ThursdayTalkအသိပညာပေးဆွေးနွေးပွဲသို့ ဝန်ထမ်း(၁၅)ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)