Main menu

မကွေးမြို့၊ ရန်ပယ်ဈေး၌ ကုန်ပစ္စည်းများအား နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံနှင့် ဝန်ထမ်းသည်  (၃.၂.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် မကွေးမြို့၊ ရန်ပယ်ဈေး၌ ရောင်းချလျက်ရှိသော ကုန် စည်များအား၊ နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့ဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ နမူနာဝယ်ယူစစ်ဆေးခဲ့သော ဆန်ကြာဇံ၊ ချင်းပေါက်၊ ငါးနီတူခြောက်၊ လက်ဖက်၊ အသားတုတို့၌ အစားအစာများတွင်သုံးစွဲရန်မသင့်သော ချွတ်ဆေးများ၊ တာရှည်ခံဆေးများ သုံးစွဲ ထားခြင်း ရှိ/ မရှိ  Mobile Lab Van ဖြင့် အဆိုပါစျေးအတွင်း ချက်ချင်းစစ်ဆေးခဲ့ရာ ခွင့်မပြု တာရှည်ခံဆေးနှင့် ချွတ်ဆေး များ သုံးစွဲထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကျန်ရှိနေသော ငပိ၊ ငရုပ်သီးမှုန့်၊ ငါးတန်ဗိုက်သား တို့အား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဓာတ်ခွဲခန်းသို့ ယူဆောင်စစ်ဆေးပြီး စားသုံး ရန်မသင့်ကြောင်း စစ်ဆေးတွေ့ရှိပါက ထုတ်လုပ်သူလုပ်ငန်းရှင်များအား ဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)