
ဆန်စျေးကွက်စျေးနှုန်းနှင့် Consumer Packaging များတွင် သင့်တင့်မျှတသော ဆန်စျေးနှုန်း များဖြင့် ရောင်းချမှုရှိစေရေး ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များမှကွင်းဆင်းစစ်ဆေးလျက်ရှိရာ ၎င်းအဖွဲ့ဝင်များဖြစ်သော မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်စီမံကိန်း ရေးဆွဲရေးဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့သည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့၊ နံနက် (၉း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ နောက်လယ်ရပ်ရှိ ဆန်အရောင်း ဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်းရောင်းချနေသောဈေးနှုန်းများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချနေခြင်းရှိ/မရှိနှင့် ဈေးကွက်ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရန် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)
