
တနင်္သာရီတိုင်းဒေသကြီးအတွင်း စျေးနှုန်းများတည်ငြိမ်စေရေးဆောင်ရွက်လျက်ရှိရာ မြိတ်ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ခရိုင်စီမံ ကိန်းရေးဆွဲရေးဦးစီးဌာနတို့ပါဝင်သော ကုန်စျေးနှုန်းတည် ငြိမ်ရေးအဖွဲ့ဝင်များသည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ နောက်လယ်ရပ်ရှိ ဆေးဆိုင်များအား ဆေးစျေးနှုန်း များ အဆမတန်မြင့်တက်ရောင်းချခြင်းမျိုးမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဆေးစျေးနှုန်းများအား စုံစမ်းစစ်ဆေးခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များသုံးစွဲရေး၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကား ခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ဆေးဝါးများရောင်းချမှုရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
