Main menu

“ ခရမ်းမြို့နယ်ဈေးကွက်အတွင်းရှိသွားတိုက်ဆေးအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီကုန်စည်များနှင့် ဈေးကွက် ရောက်ပြီးကုန်စည်များအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဈေးကွက်စောင့် ကြည့်စစ်ဆေးလျှက်ရှိရာ ရန်ကုန်တိုင်းဒေကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာမြို့မ ဈေးအတွင်းရှိ သွားတိုက်ဆေးအမျိုးမျိုးရောင်းချသောဆိုင်များအား ဖေဖော်ဝါရီလ(၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေ ခိုင်နှင့် ဝန်ထမ်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့မဈေးအတွင်းရောင်းချနေသော သွားတိုက်ဆေးအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် ကုန်စည်၏ အမျိုး အမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်များနှင့် ထည့်သွင်း ဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုမရှိစေရေးတို့ကို ပူးပေါင်းအဖွဲ့ ဖြင့် စစ်ဆေးခဲ့ကြပြီး ရောင်းချသော ဈေးဆိုင်ပိုင်ရှင်များအားလည်း စစ်ဆေးခဲ့သော အချက်များ နှင့်ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ရောင်းချကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA( ရန်ကုန်)