
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးသည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလအတွင်း ပခုက္ကူမြို့၊ ခရိုင်ဦးစီးမှူးရုံး၌ ကုန်အညွှန်း အမှတ်အသား စိစစ်ခွင့်ပြုချက်ရရှိသည့် စီးပွားရေးလုပ်ငန်းရှင်(၇)ဦးအား တွေ့ဆုံ၍ ကုန်အမှတ် တံဆိပ်စိစစ်ခွင့်ပြုချက်များပေးအပ်ခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ အသိပညာပေးရာတွင် ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များအား မိမိတို့ ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသော ကုန်စည်များတွင် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပြည့်စုံစွာ ဖော်ပြထားရှိရန် လိုအပ်ကြောင်း၊ ပြည့်စုံစွာ ဖော်ပြထား ခြင်းမရှိပါက ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပုဒ်မခွဲ(ခ)နှင့်(ဆ) သည် မြန်မာဘာ သာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကို သာရောင်းချရန်နှင့် ယခုပေးအပ်သော ကုန်အညွှန်းအမှတ်အသား စိစစ်ခွင့်ပြုချက်များ သည် စီးပွားရေးလုပ်ငန်းရှင်များ အတွက် အလွန်အရေးပါပြီး ကုန်စည်နှင့်စပ်လျဉ်း၍ တစ်စုံ တစ်ရာဖြစ်ပေါ်လာပါက အကာအကွယ်ရရှိထားပြီးဖြစ်ကြောင်း၊ မိမိတို့ဘက်မှလည်း ခွင့်ပြုချက်ရရှိပြီး သားအတိုင်း ကုန်အမှတ်တံဆိပ်များကို ပြည့်စုံစွာဖော်ပြ၍ ဈေးကွက်တွင် ရောင်းချရန် လိုအပ်ကြောင်း၊ ဈေးကွက်တွင် ပြည့်စုံစွာဖော်ပြထားခြင်းမရှိကြောင်း တွေ့ရှိပါက စိစစ်ခွင့်ပြုချက်များအား ပြန်လည် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
