
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့် အရေးနှင့်တာဝန်များအား သိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိ ပညာပေးဆောင်ရွက်လျက်ရှိပါသည်။
ပခုက္ကူခရိုင်အနေဖြင့် ဇန်နဝါရီလ အတွင်း ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အ.မ.က(၄၊ ၁၅)နှင့် ရွှေချောင်း၊အ.ထ.က(၅)ကျောင်းများ၌ ဆရာ /ဆရာမနှင့် ကျောင်းသား/သူများ၊ စားသုံးသူကာ ကွယ်ရေးအသိပညာပေးခြင်း၊ ဆိပ်ဖြူမြို့နယ်အနေဖြင့် မြို့နယ်တာဝန်ခံမှ ယောဝရပ်ကွက်ရှိ အ.မ.က ကျောင်း၌ အသိပညာပေးခြင်း၊ ဂန့်ဂေါခရိုင်အနေဖြင့် မြို့နယ်တာဝန်ခံမှ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Talk Show ဖြင့် အသိပညာပေးခြင်း၊ မြို့မရပ်ကွက် ရှိအ.ထ.ကကျောင်းတွင် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ် ရေးအသိပညာပေးဆွေးနွေးခဲ့ပြီး ပခုက္ကူခရိုင်မှ(၆)ကြိမ်နှင့် ဂန့်ဂေါခရိုင်မှ(၂)ကြိမ်၊စုစုပေါင်း (၈)ကြိမ် ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
