Main menu

မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ နည်းပညာပေးသင်တန်းတွင် စားသုံးသူအသိပညာပေးဟောပြာ

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေး ဦးစီးဌာန၌ (၂၅.၁၁.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀ )နာရီအချိန်တွင် ကျင်းပခဲ့သော မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ နည်းပညာပေးသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ရာ သင်တန်းသား/ သူ (၄၀)ဦးနှင့် ဌာနဆိုင်ရာမှ ဝန်ထမ်း (၁၀ )ဦး စုစုပေါင်း (၅၀) တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က သင်တန်းသူ သင်တန်းသားများအား စားသုံးသူနစ်နာမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် တိုင်ကြားမှု များကို ဖြေရှင်းဆောင်ရွက်ခဲ့သည့်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဟောပြောခြင်း၊ စားသုံးသူ ဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသော သင်တန်းသား/သူများက စားသုံးသူနစ်နာမှုများပတ်သက်၍ မေးမြန်းခြင်းအား ဒုတိယညွှန်ကြား‌ရေးမှူး ဦးဝေဖြိုးထက်က စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဦးစီးဌာနမှဖြေရှင်းပေးခြင်း၊ ကောမတီ၊ ကော်မရှင်မှ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် ပြစ်မှု၊  ပြစ်ဒဏ်များကို အကျယ်တဝင့် ရှင်းလင်းဖြေကြားပေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့အကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)