Main menu

ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

        စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဉီးဆောင်၍ နိုဝင်ဘာလ(၂၄)နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းသိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်း (၃၅)ဦး တက်ရောက်ခဲ့ပါသည်။

       ဟောပြောပွဲတွင် စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က အဖွင့်အမှာစကားပြောကြားရာ ယခုလို စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ လာရောက်ဟောပြောခြင်း သည် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး သိသင့်သိထိုက်သည့် အကြောင်းအရာများဖြစ်၍ ဝန်ထမ်း များအနေဖြင့် ဂရုတစ်စိုက်မှတ်သားကြရန်နှင့် တစ်ဆင့်ပြန်လည်ဖြန့်ဝေကြရန် ပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက ဌာန ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောကြားပြီး၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်မှာ “ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူ ကာ ကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ” ဖြစ်ပြီး၊ ရည်မှန်းချက် (၃)ရပ်ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ် မှာ “စားသုံးသူအခွင့်အရေးဦးစား‌ပေး” ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့က ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ်(၉) ဖြင့်ပြဌာန်းခဲ့ရာ အခန်း(၂၅)ခန်းနှင့် ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းထားကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမိန့် ကြော်ငြာစာအမှတ် (၉/၂၀၂၂) ဖြင့် ပြဌာန်းခဲ့ရာ အခန်း (၁၆) ခန်းနှင့် ပုဒ်မ (၁၂၆) ခုပါရှိ ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁) ပုဒ်မ(၂)၌ အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်ကို သတ်မှတ် ပြဌာန်းထားရာ စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံးသူကာကွယ်ရေး၏အဓိပ္ပာယ်၊ ကုန်စည်၏ အဓိပ္ပာယ်နှင့် ဝန်ဆောင်မှု၏အဓိပ္ပာယ်တို့ကို ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၉)တွင် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များပြဌာန်းထားပြီး စားသုံးသူများ၏ အခွင့်အရေး(၈)ချက်နှင့် စားသုံး၏တာဝန်(၄)ချက်အကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ အခန်း(၁၀) စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁) ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၁၃) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၁၂)နှင့်အခန်း(၁၄) စားသုံးသူ က တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးအခန်း (၁၈)ပါ ကုန်ညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် အကြောင်းရှင်းလင်းဆွေးနွေးပြီး၊ ပုဒ်မ (၄၃) အရ စီးပွားရေး လုပ်ငန်းရှင်းများသည် ပုဒ်မ (၄၁) ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာ၌ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်ကြောင်း၊ စားသုံး သူကာကွယ်ရေးဥပဒေ အခန်း(၂၀) စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်း၊ အခန်း(၂၁) အယူခံဝင်ခြင်း၊ အခန်း(၂၂) အသင်းအဖွဲ့များနှင့် ဆောင် ရွက်ချက်များ၊ အခန်း(၂၃)တားမြစ်ချက်များ၊ အခန်း(၂၄) ပြစ်မှုပြစ်ဒဏ်များ စသည့်အကြောင်း အရာတို့ကို Power Point ဆလိုက်များဖြင့် ရှင်းလင်းဆွေးနွေးဟောပြောပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်း (၀၇၁-၂၁၁၇၉၊ ၀၉-၄၅၂၀၈၀၅၀၀) ဖြင့်ဖြစ်စေ တိုင်ကြား နိုင်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Call Center 1535 ၊ Website-www.doca.gov.mm နှင့် Facebook pageများတွင် တိုင်ကြားနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)