Main menu

ဧရာ၀တီတိုင်းဒေသကြီး စီးပွားဖွံ့ဖြိုးမှုမြှင့်တင်ရေး စပါးခွံလောင်စာတောင့် တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

Powered by Drupal

         ဧရာ၀တီတိုင်းဒေသကြီးအတွင်း ဆန်ကြိတ်ခွဲရာမှ ထွက်ရှိလာသော ပိုလျှံသည့် ဘေးထွက်ပစ္စည်းစပါးခွံများကို အသုံးပြုပြီး ကုန်ကျစရိတ်သက်သာစွာဖြင့် ထင်း၊ မီးသွေး အစားထိုးစပါးခွံလောင်စာတောင့်ပြုလုပ်ရောင်းချနေသော ဆန်စက်ပိုင် လုပ်ငန်းရှင် (၁၄) ဦး အသစ်တည်ဆောက်မည့်လုပ်ငန်းရှင် (၁၈) ဦး၊ စိတ်၀င်စားသည့်လုပ်ငန်းရှင် (၇) ဦးနှင့် ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးတင်မောင်၀င်း၊ အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်းနှင့် အရာထမ်း/အမှုထမ်းများ၊ ဖိတ်ကြားထားသော တိုင်းအဆင့်ဌာနဆိုင်ရာများနှင့် နို၀င်ဘာလ (၂၈) ရက် နံနက်ပိုင်း အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် တွေ့ဆုံခဲ့ပါသည်။

       ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးတင်မောင်၀င်းက ဧရာဝတီတိုင်းအတွင်း မိုး/နွေစပါးစိုက်ဧက (၅၁) သိန်းကျော်စိုက်ပျိုးပြီး စပါးတင်း သိန်းပေါင်း (၄၀၀၀) ကျော်ထွက်ရှိကြောင်း ဆန်ကြိတ်ခွဲရာမှ ထွက်ရှိလာသော စပါးခွံတန် (၁၈) သိန်းကျော်မှ လက်ရှိ Gasifier တပ်ဆင်ပြီး (၃၆၃)လုံးနှင့် ဆက်လက်ဆောင်ရွက်နေသည့် Gasifier (၁၀၀)လုံး စုစုပေါင်း (၄၆၃)လုံးအတွက် အသုံးပြုတဲ့ စပါးခွံတန်ချိန် (၄)သိန်း၊ လောင်စာတောင့်စက် (၂၃) လုံးအတွက် အသုံးပြုသောစပါးခွံတန်ချိန်(၁) သိန်း စုစုပေါင်း (၅) သိန်းအသုံပြုပြီး၊ စပါးခွံတန်ချိန် (၁၃)သိန်း ပိုလျှံနေသေး၍ ပိုလျှံသောစပါးခွံများကို လောင်စာတောင့်ပြုလုပ်၍ စျေးကွက်အတွင်း ရောင်းချနိုင်ပါက တိုင်းအတွင်းရှိ လုပ်ငန်းရှင်များအတွက် ဘေးထွက်ပစ္စည်းမှ အပို၀င်ငွေရရှိပြီး စီးပွားရေးအခွင့်အလမ်းကောင်းများ ရရှိနိုင်သလို ဒေသခံပြည်သူများ အတွက်လည်း ထင်း၊ မီးသွေး၊ အစားထိုးလောင်စာတောင့်များကို စျေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူအသုံးပြုနိုင်မှာဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့ပြလူဦးရေ (၁၅)ရာခိုင်နှုန်း ကျေးလက်လူဦးရေ (၈၅) ရာခိုင်နှုန်းရှိပြီး စွမ်းအင်အသုံးပြုမှုမှာ မြို့ပြတွင် လျှပ်စစ်၊ မီးသွေး၊ ဂတ်(စ်) အများဆုံးအသုံးပြု၍ ကျေးလက်မှာ သစ်တောထွက် ထင်း၊ မီးသွေး အများဆုံး သုံးစွဲလျက်ရှိကြောင်း ရေရှည်မှာ သစ်တောပြုန်းတီးမှုကာကွယ်ရေးနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် ကုန်ကျစရိတ်သက်သာသော ထင်း၊ မီးသွေး အသုံးပြုမှုနေရာတွင် စပါးခွံလောင်စာတောင့်များ ပိုမိုထုတ်လုပ်ရန် လိုအပ်ကြောင်း ပြောကြားပါသည်။

      တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၀န်ကြီး ဦးအုန်းမြင့်က ဂြိုလ်တုတွက်ချက်မှုအရ ဧရာ၀တီတိုင်းဒေသကြီးအတွင်း သစ်တောပြုန်းတီးမှုမှာ ၂၀၁၅ ခုနှစ်တွင် (၁၂) ရာခိုင်နှုန်းသာ ရှိပြီး ၂၀၂၂ ခုနှစ်တွင် (၈) ရာခိုင်နှုန်းသို့ ကျဆင်းနေသည်ကို တွေ့ရှိရကြောင်း၊ သဘာ၀သစ်တော ပြုန်းတီးမှုမှ ကာကွယ်ရန်နှင့် ပတ်၀န်းကျင်ရာသီဥတုကောင်းမွန်စေရန် သစ်တောများပြန်လည် စိုက်ပျိုးလျက်ရှိသော်လည်း သဘာ၀သယံဇာတအရင်းအမြစ်များ သုံးစွဲမှုလျော့ပါးရေးအတွက် စပါးခွံလောင်စာတောင့် ထုတ်လုပ်သုံးစွဲမှုကျယ်ပြန့်လာစေရန်နှင့် ထုတ်လုပ်မှုမြှင့်တင်နိုင် အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားပါသည်။

        စားသုံးသူရေးရာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းက တိုင်းဒေသကြီး အတွင်း စပါးခွံထွက်ရှိမှု၊ သုံးစွဲမှု၊ ပိုလျှံမှု၊ စပါးခွံလောင်စာတောင့်စက်ရုံများနှင့် ထပ်မံတည် ဆောက်ရန် အဆိုပြုထားသည့်အခြေအနေများ၊ ကုန်ကြမ်းအဓိကထွက်ရှိသော ဆန်စက်အသီးသီးမှာ လောင်စာတောင့်စက်များ တည်ဆောက်ထုတ်လုပ်နိုင်လျှင်  ကုန်ကျစရိတ်လျော့ကျ၍ အကျိုးအမြတ်ပိုမိုရရှိမှာဖြစ်ကြောင်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော လုပ်ငန်းရှင်များကလည်း ထပ်မံတိုးချဲ့မည့်အစီအစဉ်များ စျေးကွက်အခြေအနေနှင့် အားသာချက်၊ အားနည်းချက်များအား အသေးစိတ် ရှင်းလင်းတင်ပြပါသည်။

    ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးတင်မောင်၀င်းက စပါးခွံလောင်စာ တောင့်ထုတ်လုပ်မည့် ဆန်စက်ပိုင်ရှင်များအနေဖြင့် (၁၀၀)ရင်းလျှင် (၄၀) ရာနှုန်းခန့် အကျိုး အမြတ်ရရှိနေသော စပါးခွံလောင်စာတောင့်စက်ရုံများ မဖြစ်မနေတိုးချဲ့ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းပိုင်ဆိုင်ရာလိုအပ်ချက်များကို မိမိတို့အနေဖြင့် ပြည်ထောင်စုအဆင့်သို့ တင်ပြပြီး လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)