Main menu

သထုံမြို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

        ၂၃.၁၁.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ နန်းခဲရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ Union Mart Super Market ၌ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် Union Mark ၌ ရောင်းချလျက်ရှိသော စားသောက်ကုန်၊ အလှကုန်များမှာ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှု ရှိ/မရှိ၊  သက်တမ်းလွန်ကုန်စည်များအား ရောင်းချခြင်းရှိ/မရှိ၊ စားသောက်ရန်သင့်/မသင့်၊ သုံးစွဲရန်သင့်/မသင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ အဆိုပါ စားသောက်ကုန်၊ အလှကုန်ပစ္စည်းများမှာ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)