
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုံး(ရုံးအုပ်) ဦးဆောင်၍ ဦးတင်မောင်ထွန်း(ရုံးအုပ်)နှင့် ဦးရဲရင့်ဖြိုး (အကြီးးတန်းစာရေး)တို့ ပါဝင်သော အဖွဲ့သည် ၉-၃-၂၀၂၅ ရက်နေ့ ၁၁:၃၀ နာရီအချိန်၌ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင် (၁)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။
ထိုသို့ ဆွေးနွေးရာတွင် ဦးဘောမ်ဇုံး (ရုံးအုပ်)က စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁) ပုဒ်မ၂။ ပုဒ်မခွဲ(ဂ) အရ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှု ပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့ အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀) ပုဒ်မ၂၁ အရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက် အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်းစသည့်အချက် များအကြောင်းအပြင် ဥပဒေအခန်း(၁၄)ပုဒ်မ ၂၇ အရ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး များအကြောင်းနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအမိန့်ထုတ်ပြန်ခြင်းအကြောင်း၊ အီလက်ထရောနစ်အငွေ့ ရှူစက်ဖြစ်သည့်၊ အီလက်ထရောနစ်စီးကရက်ကဲသို့သော ပစ္စည်းများအကြောင်း၊ အွန်လိုင်းစီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်း၊ အွန်လိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများသုံးစွဲရာတွင် သတိပြုဆောင်ရွက်သင့်သည့်အချက်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်အကြောင်း၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
