
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များအား တရားမဝင် ပိုးသတ်ဆေးများ ရောင်းချမှု ရှိ/မရှိ စစ်ဆေး၍ ငါးဖမ်းရာတွင် အသုံးပြုသည့်ဆေးများ စိစစ်ရောင်းချရေး အသိပေးခြင်းကို ဖေဖော်ဝါရီလ(၂၃)ရက်နေ့၊ နံနက်(၉)နာရီတွင် မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများနှင့်ပူပေါင်း၍ ကွင်းဆင်းခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေးဆေးဆိုင်(၁၉)ဆိုင်အား တရားမဝင်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ရောင်းချ ခြင်း မပြုကြရန်၊ မြန်မာကုန်အညွှန်းအမှတ်အသားပါသော တရားဝင်ဆေးများကိုသာ ဖြန့်ဖြူးရောင်းချသွားရန် အသိပေးဆွေးနွေးခဲ့ကြောင်း၊ ပိုးသတ်ဆေးဆိုင်များ လိုင်စင်သက်တမ်း ကုန်ဆုံးနေပါက သက်တမ်းတိုးခြင်း ပြုလုပ်ပြီးမှသာ ဆက်လက်ရောင်းချရန် ၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများဖြစ်သည့် အင်ဒိုစတား၊ Mic Chong Bao ၊ ဂေါ်ဇီလာဆေးများအား ငါးဖမ်းရာတွင် အသုံးမပြုကြရေး၊ ပစ္စည်းအဝင်/အထွက် မှတ်တမ်းရေးသွင်းရန်တို့အား သတိပေးမှာကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ပဲခူး)
