Main menu

ညောင်လေးပင်မြို့နယ်ရှိ မြို့မဈေးတွင် ဆပ်ပြာအခဲ အမျိုးမျိုးနှင့် ဆပ်ပြာအရည် အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ ထုတ်ကုန်လုံခြုံစိတ် ချရမှုလုပ်ငန်းများကို အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၁၁.၂.၂၀၂၆ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုး နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်း၊ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်ထွန်းတို့သည် ညောင်လေးပင်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ဆပ်ပြာအခဲ အမျိုးမျိုးနှင့် ဆပ်ပြာအရည် အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

          ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်း၊ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်ထွန်း တို့သည်  မိတ်ဖက်ဌာနဖြစ်သော ညောင်လေးပင်မြို့မဈေး တာ ဝန်ခံ ဝန်ထမ်းများနှင့်အတူ ညောင်လေးပင်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်း ဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဈေးကွက်ထဲ၌ ဆပ်ပြာအခဲ အမျိုးမျိုးနှင့် ဆပ်ပြာအရည် အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်းကျော် လွန်သော ဆပ်ပြာခဲနှင့် ဆပ်ပြာရည်များ ရောင်းချခြင်း ရှိ/ မရှိတို့ကို  စစ်ဆေးခဲ့ပါသည်။စစ်ဆေးချက်များအရ ညောင်လေးပင်မြို့ရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိ ကာ သက်တမ်းလွန် ဆပ်ပြာခဲနှင့် ဆပ်ပြာရည်များ ရောင်းချခြင်းမရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)