
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူး ရုံးမှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုသောအားဖြင့်“ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ မတ်လ ၉ ရက်နေ့ နံနက်( ၈ : ၀၀ ) အချိန်တွင် သီရိမင်္ဂလာဈေးထောင့်တွင် စားသုံးသူအသိပညာပေး မီဒီယာကမ်ပိန်းပြုလုပ်ဆောင်ရွက်ရာတွင် ကား/ ဆိုင်ကယ် ၊ သုံးဘီးယာဉ်များအား စတစ်ကာများ ကပ်နှံပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းကို ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ အဖွဲ့ဝင်၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများအတူ ဈေးကော်မတီ အဖွဲ့ဝင်များ စုစုပေါင်း(၃၂)ဦးအကြိုလှုပ်ရှားမှု ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်ပြီး မတ်လ ၁၀ ရက်နေ့ နံနက် ၉: ၃၀ အချိန်တွင် ကယားပြည်နယ်ခန်းမ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အကြိုအထိမ်းအမှတ် အခမ်းအနားကို အစီစဉ်(၁၂)ရပ်ဖြင့် ကျင်းပဆောင်ရွက်ခဲ့ရာ အဆိုပါအခမ်းနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူး၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်စားသုံးသူ ရေးရာကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရေးဒီဂရီကောလိပ်နှင့် သူနာပြု နှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းသား/သူများ စုစုပေါင်း(၂၀၀) ဦးဖြင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အကြိုအခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကယား)
