
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူပေါင်း၍ ပိုးသတ်ဆေး အရောင်းဆိုင်များတွင် ဓာတ်ကြွင်းအာနိသင်များသည့် ပိုးသတ်ဆေးများ စီမံထိန်းချုပ်ဆောင်ရွက် ရေးအတွက် အဆိပ်ရှိ ပိုးသတ်ဆေး ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုကို မတ်လပထမပတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုအဖွဲ့သည် ဓာတ်ကြွင်းအာနိသင်များသည့် ပိုးသတ်ဆေးများကို စီမံ ထိန်းချုပ်ဆောင်ရွက်ရေးအတွက် အဆိပ်ရှိပစ္စည်း (၂)မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို လယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်းကင်းစင်စေရေး ဆောင်ရွက်ရန် လိုအပ် သောကြောင့် ပိုးသတ်ဆေးဥပဒေပုဒ်မ (၈)အရ စပါး၊ ပဲတီစိမ်း၊ မတ်ပဲ အများဆုံးစိုက်ပျိုးသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်း သုံးစွဲခြင်းကို ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သည် ပိုးသတ်ဆေးဥပဒေပုဒ်မ ၄၇၊ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ထုတ်ပြန်ပြီး (၂)နှစ်တာကာလအထိ မည်သည့်အစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကများမှ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်းမရှိစေရန် တားမြစ်ပိတ်ပင်သော ပိုးသတ်ဆေးများအဖြစ် သတ်မှတ်လိုက်သည့်အတွက် နတ်တလင်းမြို့နယ်ရှိ ပိုးသတ်ဆေးအရောင်းဆိုင်များအား ဈေးကွက်အတွင်းရောင်းချမှုမရှိစေရန်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ များမှ သတ်မှတ်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ စားသုံးသူကာကွယ်ပေးရေဥပဒေပါ ကုန်အညွှန်း အမှတ်အသားပြည့်စုံသည့် ပိုးသတ်ဆေးများ ရောင်းချစေရန် ပိုးသတ်ဆေးအရောင်းဆိုင် လုပ်ငန်းရှင် များအား အသိပညာပေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြောင်း သိရှိရသည်။
DOCA(ပဲခူး)
