
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်း(၁)ဦးသည် (၂.၃.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်တွင် ဆန်စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တွင်ပါဝင်သော စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မုံရွာမြို့ပေါ်ရှိ ဆန်လက်လီ/ လက်ကား အရောင်းဆိုင်များ နှင့် ဆန်သိုလှောင်ရုံများအား ဆန်ဈေးကွက် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် ကွင်းဆင်း စစ်ဆေးကြပ်မတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ဆန်လက်လီ/လက်ကားဆိုင်များနှင့် ဆန်သို လှောင်ရုံပိုင်ရှင်များထံမှ ဆန်ဝယ်ယူမှုနှင့် သယ်ယူပို့ဆောင်မှုအခြေအနေများ၊ ပြန်လည်ရောင်းချနေ မှု အခြေအနေ၊ ဆန်ဈေးနှုန်းများနှင့် ဆန်လက်ကျန်များအား တွေ့ဆုံမေးမြန်းခဲ့ပြီး ဆန်များအား ဈေးနှုန်းမြင့်တင်ရောင်းချမှု မရှိစေရေး၊ My Ro တွင် မှတ်ပုံတင်ရန် ကျန်ရှိသည့် ဆန်ဆိုင်များအား မှတ်ပုံတင်ထားရှိနိုင်ရေး၊ မှတ်ပုံတင်ထားသည့်ဆန်ဆိုင်၊ ဆန်သိုလှောင်ရုံ များအနေဖြင့်လည်း လစဉ် သတ်မှတ်ရက်အတွင်း ကုန်ရ/ ကုန်ထုတ်/လက်ကျန် စာရင်းများ ဖြည့်သွင်းနိုင်ရေးတို့ကို ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
