Main menu

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ ဖွင့်လှစ်သည့် “မုန့်ဖုတ်သင်တန်း” တွင် အသိပညာပေးဟောပြော

Powered by Drupal

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်၏ ညွှန်ကြားချက်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ ဝန်ထမ်းများသည် (၁၀.၃.၂၀၂၆)ရက်၊ ညနေ(၃)နာရီအချိန်တွင် တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနမှဖွင့်လှစ်သည့် “မုန့်ဖုတ်သင်တန်း”တွင် စားသုံးသူရေးရာ အသိပညာ ပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

              အဆိုပါ ဟောပြောပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးမြင့်ငြိမ်းက ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ နှင့်စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်အုပ်စု အလိုက်မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက် အလက်များ၊ ဉီးစားပေးကုန်စည်များ၊   အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းဆိုင်ရာ မှတ်ပုံတင် လျှောက်ထား ခြင်း၊ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဌာနမှ ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများ၊ Consumer Call Center 1535 သို့ ခေါ်ဆိုမေးမြန်းတိုင်ကြားနိုင်ကြောင်း အသိပညာပေးခဲ့ကြောင်း၊  ဆက်လက်၍ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို အွန်လိုင်းစနစ်အသုံးပြုပြီးရောင်းချမည်ဆိုပါက မဖြစ်မနေ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ပြီးမှသာ ရောင်းချရန်၊ မှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချမည်ဆိုပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများမှ သိလိုသည် များကို ရှင်းလင်း ဖြေကြားပြီး အသိပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။        

Doca(စစ်ကိုင်း)