Main menu

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အတွက် မီဒီယာကမ်ပိန်းပြုလုပ်

Powered by Drupal

    စားသုံးသူပြည်သူများအတွက် အခွင့်အရေးအပြည့်အဝရရှိစေရန်နှင့် မိမိတို့၏အခွင့်အရေးကို သိရှိနိုင်ရေးအတွက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို မတ်လ(၁၅)ရက်တွင် အာဆီယံနိုင်ငံများသာ မက မြန်မာတွင်ပါနှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိကြပါသည်။  ၂၀၂၆ခုနှစ် မတ်လ(၁၅)ရက်နေ့ကျ ရောက်တော့မည်ဖြစ်သောကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၆ခုနှစ်၊ မတ်လ(၁၃)ရက်နေ့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို သိရှိနိုင်ရန် မိမိတို့ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့်အတူ စားသုံးသူများအတွက်အခွင့်အရေးများအပြင် တိုင်းကြားနိုင် မည့်အခြေအနေများကို မီဒီယာကမ်ပိန်းပြုလုပ်၍ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

   မီဒီယာကမ်ပိန်းပြုလုပ်ရာတွင် မြိတ်မြို့၊ ကမ်းနားလမ်းအနီတစ်ဝိုက်နေရာများတွင် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများမှ လက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး စားသုံးသူကာကွယ် ရေးအကြောင်းသိရှိနားလည်နိုင်ရန် ရှင်းလင်းပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)