
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးတာဝန်ခံ ဦးဝင်းသိန်းဦး(ရုံးအုပ်) ဦးဆောင်၍ ဒေါ်ခင်ရတနာမျိုး (အငယ်တန်းစာရေး)တို့သည် (၁၆-3-၂၀၂၆) ရက်နေ့ (၁၃:၀၀)နာရီ အချိန်တွင် မိုးညှင်းမြို့၊ ရန်ကင်းရပ်ကွက်ရှိ စားသုံးသူများအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက် ခဲ့ပါသည်။
ထိုသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်း၊ စားသုံးသူ၏ အခွင့်အရေးများဖြစ်သော စားသုံးသူများ အတွက် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေ နပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခွင့်ရှိခြင်းအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်း တင်ပြခွင့်နှင့်တိုင်ကြားခွင့် ရရှိနိုင်စေခြင်းစသည့်အချက်များအကြောင်း၊ စားသုံးသူ၏ တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့် အရေးအကြောင်းနှင့် စားသုံးသူများအား Consumer Call Center လိုင်းခွဲ(1)သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းများ အကြောင်း၊ AIနည်းပညာနှင့် စိန်ခေါ်မှုများအကြောင်း၊ အွန်လိုင်းမှ ဈေးဝယ်ယူရာတွင်သတိထားဝယ်ယူသင့်သည့်အချက်များအကြောင်း၊ Digital ငွေကြေးဝန်ဆောင်မှု ရယူအသုံးပြုရာတွင် စားသုံးသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်များကို လုံခြုံစိတ်ချရမှုရှိစေရေး အတွက် ဆောင်ရန်ရှောင်ရန်များအကြောင်း၊ အီလက်ထရောနစ်အငွေ့ရှုစက်နှင့်ပတ်သက်၍ သိကောင်း စရာများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
