မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနသည် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အသင်းအဖွဲ့များအားကောင်းရေးတို့အတွက် အားပေးကူညီဆောင်ရွက်လျှက်ရှိပါသည်။ ၂.၁၂.၂၀၂၂ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့နယ်ရှိ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား ပြည်နယ်ဦးစီးမှူးရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးမှ မိမိတို့အနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးစားပေးကဏ္ဍအနေဖြင့် ဆောင်ရွက်လျှက်ရှိသကဲ့သို့ တစ်ဖက်မှာလည်း အသင်းအဖွဲ့များအားကောင်းရေးအတွက် လိုအပ်သည်များကူညီဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ အသင်းအဖွဲ့ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ၊ အထက်ဌာနများ၏ ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသောက်ကုန်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ၂/၂၀၁၉ ပါ ညွှန်ကြားချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြရန် လိုအပ် ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(မွန်)