Main menu

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်ခြင်း

Powered by Drupal

   ၂၀၂၆ခုနှစ်၊ မတ်လ ၂၀  ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(စစ်ဆေးရေးအရာရှိ)  ဦးဆောင်၍ ဝန်ထမ်း (၂)ဦးတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာ (ဈေးများဌာန) တို့နှင့် ပူးပေါင်း၍ဇေယျာသီရိမြို့နယ်  ပြည်စံ​အောင်​စျေးအတွင်းရှိ ဆန်ဆိုင်နှင့်ဆေးဆိုင်များအား  ​စျေးနှုန်းမြှင့်တင်​ရောင်းချခြင်းမဖြစ်​စေ​ရေးနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်း များ ဆောင်ရွက်ခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးရာ၌ ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်နှင့်ဝန်ဆောင်မှုများတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် ထုတ်ပြန်ကြေညာထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ် လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။  

DOCA(ပြည်ထောင်စုနယ်မြေ)