
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့ နယ်တာဝန်ခံရုံသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် နံနက် ၀၉:၃၀ နာရီအချိန်တွင် တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အကြီးတန်းစာရေး)တို့သည့် ကန့်ဘလူမြို့နယ်တွင် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် စပါးနှင့်ဆန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ “သီရိရတနာ”ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းမှ ပြည်တွင်းဆန်ဈေးကွက် တည်ငြိမ်ရေး၊ အရည်အသွေးမြင့်ဆန်ထုတ်လုပ်မှု မြှင့်တင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးတို့ကို အဓိကထားဆွေးနွေးခဲ့သည်။ ထို့ပြင်စပါးဝယ်ယူသိုလှောင်ရေးတွင် ကြုံတွေ့ရသော အခက်အခဲများ၊ ထုတ်လုပ် မှုကုန်ကျစရိတ် လျော့ချနိုင်ရေးနည်းလမ်းများ၊ စက်ကိရိယာများ အဆင့်မြှင့်တင်အသုံးပြုနိုင်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များ ရရှိနိုင်ရေးတို့ကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။တာဝန်ခံမှ ပြည်တွင်းကုန်သွယ်မှု တိုးတက်စေရန် ဆန်စက်လုပ်ငန်းများ၏ အရေးပါမှုကို ရှင်းလင်းပြောကြားခဲ့ပြီး စံချိန်စံညွှန်းပြည့်မီသော ဆန်ထုတ်လုပ်မှုဖြင့် ပြည်တွင်းစားသုံးသူများ၏ ယုံကြည်မှုရရှိစေရန်နှင့် ပြည်ပဈေးကွက်ဝင်နိုင်ရေးအတွက်အရည်အသွေးကိုအထူးအလေးထားဆောင်ရွက်ရန်တိုက်တွန်းခဲ့သည်။ဆန်စက်လုပ်ငန်းရှင်များကလည်းလုပ်ငန်းအတွေ့ အကြုံများကို မျှဝေပြောကြားခဲ့ကြပြီး အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဖြင့် ကန့်ဘလူမြို့နယ်အတွင်း စပါးနှင့်ဆန်ကုန်သွယ်မှု ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
