
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် အသိ ပညာပေးဟောပြောပွဲများ၊ လုပ်ငန်းရှင်တွေ့ဆုံပွဲများဆောင်ရွက်ရာတွင် တာဝန်ခံဦးမျိုးဝင်းသန်း သည် ကန့်ဘလူမြို့နယ်အတွင်းရှိ စားသုံးသူများအနေဖြင့် မိမိတို့၏အခွင့်အရေးများကို ကာကွယ်နိုင် ရန်နှင့် တရားမဝင်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ တိုင်ကြားနိုင်ရန်အတွက် Consumer Call Center (1535) သို့ ဖုန်းခေါ်ဆိုအသုံးပြုနိုင်ကြောင်း အသိပညာပေး ဆောင်ရွက်လျက်ရှိရာ မတ်လ ၁၉ ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စားသုံးသူ တစ်ဦးက Consumer Call Center (၁၅၃၅) လိုင်းခွဲ(၁)အား ဖုန်းခေါ်ဆိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက စားသုံးသူသိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Consumer Call Center (1535) သည် စားသုံးသူများအတွက် အလွယ်တကူ ဆက်သွယ်နိုင်သော တိုင်ကြားမှုလက်ခံစင်တာတစ်ခုဖြစ်ပြီး ကုန်ပစ္စည်းအရည်အသွေးမမှန်ခြင်း၊ ဈေးနှုန်းမမှန်ကန်ခြင်း၊ လိမ်လည်ရောင်းချမှုများနှင့်ပတ်သက်၍ အကြောင်းကြားတိုင်ကြားနိုင်ပြီး ထို့အပြင် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်သော မေးခွန်းများကိုလည်း မေးမြန်းနိုင်ကြောင်းသိရ သည်။ ကန့်ဘလူမြို့နယ်တွင်လည်း စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သော အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများအား Consumer Call Center (1535) သို့ ဆက်သွယ်အသုံးပြုကြရန် အကြံပြုထားကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့ကြုံတွေ့နေရသော ပြဿနာများကို မကြောက်မရွံ့ တိုင်ကြားပေးခြင်းဖြင့် စျေးကွက်အတွင်း သမာဓိရှိသော ရောင်းဝယ်မှုများ တိုးတက်လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
