Main menu

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ “‌ Zoom Meeting အသုံးပြုနည်းများ အသိပညာ ဖြန့်ဝေခြင်း ” ခေါင်းစဉ်ဖြင့်  Thursday Talk ဆွေးနွေးဟောပြော

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအား လျော်စွာ အပတ်စဉ် ကြာသပတေးနေ့တိုင်း Thursday Talk အစီအစဉ်ကို ကျင်းပလျက်ရှိရာ ၁၉.၃. ၂၀၂၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ပြည်တွင်းဌာနခွဲမှ ဒုလက်ထောက်ကြီးကြပ်ရေး မှူး ဦးပြည့်စုံဟန်သည် “‌ Zoom Meeting အသုံးပြုနည်းများ အသိပညာ ဖြန့်ဝေခြင်း ” ခေါင်းစဉ်ဖြင့် Online(Zoom Meeting)မှ အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

            Thursday Talk ဟောပြောပွဲတွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဒုတိုင်းဒေသကြီးဦးစီးမှူးမှ ဦးဆောင်၍ ကျင်းပလျက်ရှိရာ ၁၉.၃.၂၀၂၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အလှည့်သို့ တစ်ဖန် ပြန်လည်ကျရောက်လာပါသည်။ ထိုကြောင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးပြည့်စုံဟန် (ဒုလက်ထောက်ကြီးကြပ်ရေးမှူး) သည် “‌ Zoom Meeting အသုံးပြုနည်းများ အသိပညာဖြန့်ဝေ ခြင်း ” ခေါင်းစဉ်ဖြင့် ယနေ့ကမ္ဘာကြီးသည် Digital 4.0 မှသည် AI (Artificial Intelligence)  ခေတ် ကြီးသို့ လျှင်မြန်စွာ တိုးတက်ပြောင်းလဲလာနေပြီ ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် အမြဲတိုးတက်နေရန် အတွက် (Self Study)ပြုလုပ်နေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဖွဲ့အစည်းများနှင့် Online မှ ဆက် သွယ်ပြောကြားရာတွင် Zoom Meeting အသုံးပြုနည်းများသည် အရေးပါလာပြီဖြစ်ကြောင်း ပြော ကြားကာ Zoom Meeting အသုံးပြုရာတွင် လိုက်နာရမည့် အခြေခံစည်းမျဉ်းများ အကြောင်းများကို  ဌာနမှဝန်ထမ်းများအား ဆွေးနွေးတင်ပြခဲ့ရာ ဌာနခွဲတာဝန်ခံများကလည်း အပြန်အလှန်မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ပဲခူး)