Main menu

နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်အပါး (၃၀) အလွတ်ရွတ်ဆိုပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် ဒေါ်စန္ဒာမိုး(အငယ်တန်းစာရေး)အား ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန နှစ်ပတ်လည်မွေးနေ့ အထိမ်း အမှတ်အဖြစ် ကျင်းပသော နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်အပါး (၃၀)အလွတ်ရွတ်ဆိုပြိုင်ပွဲတွင် ဒုတိယဆု ကို ထိုက်ထိုက်တန်တန် ရရှိခဲ့သော ငွေစာရင်းဌာနခွဲမှ ဒေါ်စန္ဒာမိုး (အငယ်တန်းစာရေး)အား ၁၉.၃.၂၀၂၆ ရက်နေ့တွင် ဆုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ နှစ်ပတ် လည် မွေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ရပ် အလွတ်ရွတ်ဆို ပြိုင်ပွဲ၊ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်အပါး (၃၀) အလွတ်ရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကွန်ပြူတာ ပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ခြိမ့်ခြိမ့်သဲ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ထိုပြိုင်ပွဲများတွင် တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဦးစီးမှူးရုံးများမှ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှလည်း အခြားတိုင်းဒေသကြီး/ ပြည်နယ်များထက် အားတက်တရော၊ ကြိုးစားပမ်းစား ယှဉ်ပြိုင်ခဲ့ရာ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်အပါး (၃၀) အလွတ်ရွတ် ဆိုပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့ပါသည်။ ထိုသို့ ဆုရရှိရန် ကြိုးစားအားထုတ်ခဲ့သည့် ဒေါ်စန္ဒာမိုး (အငယ်တန်းစာရေး)အား ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးမှ ဆုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)